ndroid စက်ရုပ်သမားတွေအတွက်ပါ အခုနောက်ပိုင်းထွက်တဲ့ဖုန်းအမြင့်တွေမှာ
ကြုံတွေ့နေရတဲ့ Move to SD Card ဆိုတဲ့စာကိုဖျောက်ထားတာကြောင့် Apps တွေကို
မန်မိုရီကဒ်ထဲကို ဘယ်ဆော့ဝဲနဲ့မှရွှေ့မရတဲ့ ပြသနာလေးတစ်ခုရှိနေပါတယ် ။
ကျနော့် S 3 ဖုန်းကအစပေါ့ ခိခိ
အဲဒီပြသနာကိုဖြေရှင်းနိုင်ဖို့
မားကပ်မှာအခုနောက်ဆုံးထွက်ဗားရှင်းဖြစ်တဲ့ GL to SD (Root)
ဆော့ဝဲလေးတစ်ခုကိုတင်ပေးလိုက်ပါတယ် ။ လိုချင်သူများ အောက်မှာဒေါင်းယူပါ ။
ဒီဆော့ဝဲဟာ ကိုယ်ရွှေ့လိုက်တဲ့ Apps ရဲ့ Data ဖိုင်ကိုပါ
မန်မိုရီကဒ်ထဲရွှေ့ပေးတဲ့အတွက်ကြောင့် အရမ်းကိုလန်းတဲ့ဆော့ဝဲပါ
ဂိမ်းရဲ့လုပ်ဆောင်ချက်အရ Data ဖိုင်ကို
ဖုန်းဘော်ဒီမန်မိုရီထဲမှာပဲအလုပ်လုပ်ပါတယ် SD Card
ထဲကိုကိုယ်ရွှေ့မိလိုက်ရင် အဲဒီဂိမ်းကို Open တဲ့အခါမှာ Data
ကိုမရှိသေးဘူးထင်ပြီး အွန်လိုင်းကနေ ထပ်ဒေါင်းခိုင်းပါတယ် ။
ဒါပေမယ့် ဒီဆော့ဝဲကို အသုံးပြုပြီးရွှေ့ထားတဲ့အတွက်ကြောင့်
ထပ်ဒေါင်းခိုင်းခြင်းမရှိပါဘူး SD Card ထဲကိုချိတ်ဆက်ပြီးအလုပ်လုပ်ပေးပါတယ်
။
ဒီဆော့ဝဲကို အသုံးပြုလိုပါက Root
လုပ်ထားတဲ့ဖုန်းများသာ အသုံးပြုနိုင်ပါတယ် ။
MediaFire ဖြင့် GL to SD (Root) ကို လိုချင်သူများ
ဒီမှာဒေါင်းပါ ဆိုဒ်က 146 KB နည်းနည်းလေးပဲရှိပါတယ် ။
Box ဖြင့် GL to SD (Root) ကို လိုချင်သူများ
ဒီမှာဒေါင်းပါ ဆိုဒ်က 146 KB နည်းနည်းလေးပဲရှိပါတယ် ။ credit by MMF
No comments:
Post a Comment